ရေကြည်တွင်းလေးနံဘေးမှာ
- မောင်လွင်မွန်(ကသာ) -
တစ်ဟုန်ထိုး
စီးဆင်း နေသော ချောင်းရေသည် ၄င်း၏ အင်အားဖြင့် တိုက်စား ဖျော်ယူ လာသော ရွှံ့များကို
သယ်ဆောင်လျက် ဆက်လက် စီးဆင်း နေပေသည်။ ချောင်း၏ နံဘေး မနီးမဝေး ၌ကား လက်ယက် တွင်းလေး
တစ်တွင်း။ တွင်းလေး အနီးတွင်ကား ပုံ့ပုံ့ယုံ့ယုံ့ ထိုင်လျက် တွင်းထဲမှ ရေများကို သူ့အိုးလေး
ထဲသို့ အသာ ခပ်ထည့် နေသော မိန်းကလေး တစ်ယောက် ...။
“ဪ
. . . ကိုသောင်းရွှေ”
ငုံ့၍
ရေခပ်နေစဉ် ကျလာသော လူရိပ်ကြောင့် မော့ကြည့်ရင်း ရောက်လာသူကို သူက နှုတ်ဆက် လိုက်၏။
“အေး
. . . ဒီနေ့တော့ နင် တစ်ယောက်တည်းနော် နှင်းဥရဲ့”
“ဟုတ်တယ်၊
ကျွန်မ နုကြည်ကို ဝင်ခေါ်ဦး မလို့ဘဲ၊ ဒါပေမဲ့ သူ နေမကောင်းတာ မပျောက် သေးဘူး ထင်တာနဲ့”
“အေးပါ
. . . နုကြည် ကောင်းကောင်း မပျောက်သေးပါဘူး”
ပြောပြောဆိုဆိုဖြင့်
သောင်းရွှေက နှင်းဥ အနားတွင် ဝင်ထိုင် လိုက်သည်။
“ဒါကြောင့်လည်း
ငါ နင့်နောက်ကို လိုက်လာတာ ပေါ့ဟာ။ အရင်ဆိုရင် ငါက နင်နဲ့ စကား လွတ်လွတ် လပ်လပ် ပြောချင်
ပေမယ့် နင်ရေခပ် သွားတိုင်း နုကြည်က ပါနေတော့ ငါက ငါ့နှမ တစ်ယောက်လုံး ရှေ့မှာ ဘယ်လို
ပြောတော့ မလဲဟာ”
“ကျွန်မနဲ့
ဘာများ ထူးထူး ထွေထွေ ပြောစရာ ရှိသေး လို့လဲ ကိုသောင်းရွှေ”
“ရှိတာပေါ့
နှင်းဥရာ၊ နင်လည်း သိရက် သားနဲ့ နင် ငါ့ကို ပေးထားတဲ့ အဖြေကို မပြင်နိုင် တော့ဘူးလား
ဟင်၊ ငါ့ကို နည်းနည်းမှ မစဉ်းစား နိုင်တော့ ဘူးလား ဟာ”
“ဪ
. . . ကိုသောင်းရွှေရယ်၊ တွေ့တိုင်း ဒါကိုပဲ ပြောနေတာပဲ၊ ကျွန်မ ကိုသောင်းရွှေကို အစ်ကို
တစ်ယောက် လိုပဲ ခင်နိုင်မယ်လို့ ပြောဖူးပြီပဲ၊ ပြီးတော့ ကျွန်မမှာ. . . ”
“ဘာလဲ
နင်နဲ့ ထွန်းကျော်နဲ့ ကိစ္စကို ပြောဦး မလို့လား၊ ထွန်းကျော်ဟာ နင်နဲ့ ဆိုင်ချင်တော့
ဆိုင်လိမ့်မယ်၊ မပိုင် သေးဘူး မဟုတ်လား နှင်းဥ၊ ဒီတော့ ထွန်းကျော် ရှိနေပြီ ဆိုတာ နဲ့တော့
ငါက နောက်ဆုတ် မပေးနိုင်ဘူး၊ နောက်မဆုတ် နိုင်ရုံတင် မကဘူး၊ နင့်ကို မရ, ရအောင် ငါ
ကြိုးစားမယ်၊ ဒီမှာ ငါပြော ဦးမယ် နှင်းဥ၊ ထွန်းကျော်ဟာ နင့်ကို လောလောဆယ် လက်မထပ် နိုင်သေး
ပါဘူး၊ လက်ထပ် နိုင်တဲ့ တိုင်အောင် နင့်ကို တင့်တောင့် တင့်တယ် မထားနိုင် ပါဘူးဟာ”
“ဒါတွေ
ရှင်နဲ့ မဆိုင်ပါဘူး ကိုသောင်းရွှေရယ်”