လောင်းလောင်း လောင်း လိုက်ပါ
- ရီနေနိုင် -
သည်သီချင်း
ကိုတော့ လူတိုင်း ကြားဖူးမှာပါ။ လောင်း.. လောင်း.. လောင်း လိုက်ပါ ဆိုတာလေ။ လွန်ခဲ့တဲ့
နှစ် နှစ်ဆယ် လောက်က သင်္ကြန်မိုး ဇာတ်ကားကြီး ပြပြီး ကတည်းက လူတိုင်း ပါးစပ်ဖျားမှာ
ရေပန်းစား ခဲ့တဲ့ သီချင်းပေါ့။ အဲဒီ ကာလများ တုန်းကဆို သင်္ကြန် မဟုတ် ဘဲနဲ့တောင် တစ်နှစ်ပတ်လုံး
ဒီသီချင်းကို ဖွင့်ခဲ့ကြ တာလေ။ အခုတော့ သင်္ကြန်ဆို ကြားနေ ရသေး ပေမယ့် ကျန်အချိန် များမှာတော့
သိပ်မဖွင့်ဖြစ် မဆိုဖြစ် ကြပါဘူး။ ဒါပေမဲ့ ကျွန်တော့် နားထဲ မှာတော့ အဲဒီ သီချင်းသံကို
အမြဲကြားနေရ သလိုဘဲ။ ဘာတဲ့.. လောင်း လောင်း.. လောင်းလိုက်ပါ၊ ရွှဲအောင် လောင်းလိုက်ပါ
ဆိုတာ။ ဒါပေမဲ့ ကျွန်တော် ကြားနေမိ တာတော့ လောင်း လောင်း.. လောင်းလိုက်ပါ မွဲအောင်
လောင်းလိုက် ပါများ ဖြစ်နေ လား..။
မွဲအောင် လောင်းတာတော့
ဟုတ်မှာ မဟုတ်ပါဘူး။ ချမ်းသာ ချင်လို့ လောင်းနေကြ တာပါ။ ဒါပေမဲ့ လူ တစ်ထောင် လောင်းရင်
ချမ်းသာ သူက သုံးလေးဆယ် မွဲသူက ရှစ်ရာ ကိုးရာ ဆိုတော့ နိုင်ငံ အနေနဲ့ ကြည့်ရင် မွဲအောင်
လောင်းသလို ဖြစ်နေတာ သေချာ တာပေါ့။ ဒီကိစ္စက အခုမှ ဖြစ်တာ တော့ မဟုတ် ပါဘူး။ တကယ်တော့
တစ်ခါက ခေတ်ဟောင်း စနစ် ဟောင်းရဲ့ လက်ကျန်ပါ။ ၁၉၈၈ ခုနှစ် မတိုင်မီ ကတည်းက အမျိုးသား
စာပေ ဆုရ ဝတ္ထု တစ်ပုဒ် အမည်က “ချဲထိုးရင် တဲထိုး ရမယ်” ဆိုကိုး။ ဒါပေမဲ့ လူတွေ ကတော့
တဲထိုး ရမှာက ကျန်တဲ့ သူတွေ ဖြစ်ပြီး ကိုယ်ကတော့ တိုက်ဆောက် ကားစီး ရမှာချည်း ထင်ထင်ပြီး
ထိုးနေ ကြတာများ အခုနေ လူ မသေဆေး ဖော်ဖို့ ချဲမထိုးတဲ့ အိမ်က မုန်ညင်းဆီ ရှာမှ ရမယ်
ဆိုရင်တောင် ရဖို့ အတော် ခက်မှာ သေချာ ပါတယ်။