Sunday, December 30, 2012

အမေ သို့မဟုတ် ကျွန်တော့်ဘဝရဲ့နှင်းဆီ

အမေ သို့မဟုတ် ကျွန်တော့်ဘဝရဲ့နှင်းဆီ ဆူးရိုင်းတွေထဲ မြင်ရခဲမျှ လှပသင်းထုံ အနှိုင်းမဲ့ဂုဏ်နဲ့.. နှင်းဆီရဲတစ်ပွင့်ဟာ "'အမေ ...

အမေ သို့မဟုတ် အားလုံးရဲ့ထာဝရလမင်း

အမေ သို့မဟုတ် အားလုံးရဲ့ထာဝရလမင်း အမေ.. တွေဝေခြင်း အမှောင် သရဲဘောကြောင်ခြင်း ‘ အမိုက်’ ‘အမဲ’ မပြောရဲ မဆိုရဲ အမိုက်တိုက် အလိုက်အထိုက်...

Monday, August 20, 2012

ခြကိုက်ည



ခြကိုက်ည
- မောင်လွင်မွန်(ကသာ) -

အဲဒီညမှာ
ကဗျာတွေ အားလုံး အမှုန့်ဖြစ်သွားခဲ့တယ်။

ငါ မြတ်နိုး တန်ဖိုးထားသမျှ
ခြတို့က အိမ်ဖွဲ့ ထိုးဖောက်
စားသောက် ဝါးမျိုပစ်လိုက်တာ
ဘာဆို ဘာမှ မချန်
အပိုင်းအစ အမှိုက်သရိုက်ပဲ ကျန်မှ ငါ သိတော့တယ်။

ငါ တစ်ရက်ချင်း စိုက်ပျိုးခဲ့ရတဲ့ ငါ့ ဒိုင်ယာရီ ငါ့သမိုင်း
တစ်ပိုင်းတစ်စစီ ကြေမွ
ငါ့ အမှတ်တရတွေ အားလုံး
ခြတရုန်းရုန်း ကြားမှာ ပျောက်ရှ
ကြေကွဲစရာ ညပဲလေ ..