Sunday, December 30, 2012

ယပက်လက်ဘဝပြောင်း ရကောက်နှင့် ..

                                                           ယပက်လက်ဘဝပြောင်း ရကောက်နှင့် ..
ထိုစဉ်ကဆိုလျှင် ကိုရက္ခက စားပွဲပေါ်က စာမူပုံထဲမှာ ထိုင်လျက် သား နစ်မြုပ်နေတတ်သည်။ ထိုင် လျက်သားဆိုရာမှာ စားပွဲပေါ်ထိုင် နေခြင်းဖြစ်ပြီး စားပွဲဘေးမှာ ထိုင်ရ အောင် ကုလားထိုင်လည်း မရှိပေ။ သို့သော် စားပွဲပတ်လည်မှာ စာမူ များနှင့် မဂ္ဂဇင်းဟောင်းများ သိမ်း ဆည်းရာ စာအုပ်သေတ္တာသုံးလုံးရှိ ပြီး ယင်းတို့အပေါ်မှာ ကဗျာဆရာ စာရေးဆရာတို့ ထိုင်နေကျဖြစ်၏။
ကန်ထရိုက်တိုက် လှေကား အောက်တွင် အနံသုံးပေ၊ အကျယ် ငါးပေခန့်ရှိသော အခန်းကျဉ်း ကလေး၏အဝတွင် ပလတ်စတစ် ဆိုင်းဘုတ်ဖြင့် ‘ချစ်သူ့သတင်း’ မဂ္ဂဇင်း ဟု ရေးထားသည့်နေရာမှာ ကျွန်တော်တို့ ကဗျာဆရာချင်း ချိန်း ဆိုရာ၊စာရေးဆရာချင်းတွေ့ဆုံ နှီးနှောရာ ကွန်းရိပ်လေးဖြစ်ခဲ့ သည်။ကိုရက္ခအခန်းက ကျွန်တော်တို့ လို တစ်သစ်စစာသမားတို့အတွက် လူသာ ဝင်ထွက်ခိုနားရာ မဟုတ်၊ စာလည်း လူတန်းစေ့နေရာယူခွင့် သာရာ တစ်နေရာဖြစ်ခဲ့သည်။ သူက အယ်ဒီတာပေါက်စဖြစ်၍ ကိုယ်ချင်းစာခဲ့တာလည်း ပါမည်။ ဝတ္ထုတွေ၊ ကဗျာတွေသွားပေးသည့် အခါ အဆင်ပြေလျှင် ချက်ချင်းလို ဖတ်ပေးလိုက်သည်။ ”မကြိုက်သေးဘူးဗျာ”၊ ”မသုံး ဖြစ်ဘူးဗျာ” ဆိုတာမျိုး၊ ”အင်း၊ တစ်ခေါက်လောက် ထပ်ဖတ်ကြည့် ဦးမယ်၊ တစ်ရက်နှစ်ရက်နေရင် ထပ်လာကြည့်လိုက်လေ”ဆိုတာမျိုး အပြင် ကံကောင်းလျှင်တော့         ”ထားခဲ့လေ၊ မှီရာလ လုပ်လိုက်မယ်” ဆိုတာမျိုး၊
”နည်းနည်းတော့ စောင့် ရမယ်နော်၊ နှစ်လ သုံးလလောက်မှ သုံးနိုင်မယ်” ဆိုတာမျိုးလည်း ကြား ရနိုင်သည်။
 ငြင်းတာပဲဖြစ်ဖြစ် လက်ခံတာပဲ ဖြစ်ဖြစ် ချက်ချင်းအဖြေရတတ်တာ မျိုးက ကျွန်တော်တို့လို နုနယ်သော ကလောင်များအတွက် ရတောင့်ရခဲ အခွင့်အရေးပင်။ဒါပေမဲ့ လည်း သူ့မဂ္ဂဇင်းက ပထမတန်းမဂ္ဂဇင်းမျိုး မဟုတ်တာ တစ်ခုပဲရှိသည်။ သူ့ဆီမှာပါရင်တော့ စာဖတ်သူဆီကို သိပ်မရောက်၊ စာပေအသိုင်းအဝိုင်းထဲလည်း သိပ် မပေါ က်ပေမယ့် သူလိုကိုယ်လို စာပေလောကထဲ တိုးဝင်စလူတွေ ကြားမှာတော့အားကျစရာ ဖြစ်ရ တတ်သည်။သူ့မဂ္ဂဇင်းက ‘ချစ်သူ့သတင်း’ ဆိုသည့်အတိုင်း ချစ်သူနှင့်သ တင်း ကို ပေါင်းထားသည်ဟုဆို၏။ ချစ်သူ ဆိုသည့်အောက်မှာ ရုပ်ရှင်ချစ်သူ၊ ဂီတချစ်သူ၊ ကဗျာချစ်သူ၊ ဝတ္ထုချစ်သူ စသည် ကဏ္ဍစုံဖြင့် ရုပ်ရှင်၊ ဂီတ အကြောင်းနှင့် ဝတ္ထု၊ ကဗျာများ ဖော်ပြ၏။ သတင်းအောက်မှာလည်း ရန်ကုန်သတင်း၊ နေပြည်တော်၊ မန္တလေး၊ နယ်သတင်းစသည်ဖြင့်။ ဟိုနည်းနည်း ဒီနည်းနည်း အစုံသုပ် နှင့်တူနေေ သ်ာလည်း အရသာက ပေါ့ပျက်ပျက်နိုင်နေတတ်သည်။ ဒါပေမဲ့ ထမင်းကိုကြော်တာချင်း တူတူ ဟိုတယ်ပေါ်ရောက်ခွင့်မရ ဘဲစားအုန်းဆီခပ်ပါးပါး ဒယ်အိုးထဲ ရောက်ရ ပြီး အဆင့်မြင့်စားသုံးသူထံ စားတော်ဆက်ခွင့်မရသော ‘လမ်း ဘေးထမင်းကြော်’ လို ဒီမဂ္ဂဇင်း လောက်မှာ ပါခွင့်ရတာကိုပင် ကံကောင်းလှပါပြီဟုတွေးပြီး ကျေ နပ်ရေ တာ့သည်။အမှန်တော့လည်း ကိုရက္ခက စိုင်ကော်ပြီး အယ်ဒီတာစားပွဲ ‘ခြုံ’ ပေါ်သို့ ရောက်လာသူဖြစ်ကာ မူလ က ဘဝအတော်နာခဲ့သော အောက် ခြေက စခဲ့ရသူတစ်ဦြး ဖစ်သည်။ ဆယ်တန်းနှစ်နှစ်ကျချိန် မိသားစု အခြေအနေအရ ဆောက်လုပ်ရေး လုပ်ငန်းထဲမှာဝင်လုပ်ရင်း တစ်ဖက် က ဝါသနာပါရာ ကဗျာ၊ ဝတ္ထုများ ရေးနေခဲ့သည်။ လူကြမ်းခေါ် ပန်းရန် အကူလုပ်ရင်း စာရေးသား နေသည့် သူ့ဝါသနာကို ဆောက်လုပ် ရေး ကန်ထရိုက်တာက သိသွားပြီး သူကလည်း စာပေပိုးရှိရင်းစွဲဖြင့် သူတို့အတူ မဂ္ဂဇင်းတစ်အုပ် လုပ်ခဲ့ ကြသည်တဲ့။
 ’ရိပ်မြုံ’ ဆိုသော မဂ္ဂဇင်းမှာ ဈေးကွက်တွင်း တိုက်ခန်းနှင့်မြေယာ များ ကြော်ငြာဖြင့် ရပ်တည်ရန် သူ့ ဆရာက စိတ်ကူးကောင်းကောင်း ဖြင့် စလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းစိတ်ကူးက ထိုကာလမှာ စောလွန်းနေမှုနှင့် ကိုရက္ခကလည်း စာပေနယ်ထဲ တိုးဝင်စမကျွမ်းကျင် သေးမှုတို့ကြောင့် သက်တမ်းသိပ် မရှည်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။ သို့သော် ကိုရက္ခမှာ စာပေလောက ထဲ အယ်ဒီတာအဖြစ် ခြေလှမ်းချနိုင် ခဲ့သလို သူ့ကို အနုပညာမဂ္ဂဇင်း တစ်စောင်ထုတ်ဖို့ ဝိုင်းဝန်းပေးမည့် သူတချို့ ရှာနိုင်ရုံမက သူတို့ မဂ္ဂဇင်းတိုက်ဖြစ်ခဲ့ရာ အခန်းလေးကိုလည်း သူ့ဆရာက ကိုရက္ခကို ဆက်လက် သုံးစွဲခွင့်ပေးထားခဲ့ခြင်း ဖြစ်သည်။တစ်နေ့ ကိုရက္ခဆိုသော နာမည်ကို ကျွန်တော့်စိတ်ထဲ တစ်မျိုး ဖြစ်နေမိသဖြင့်
”ကိုရက္ခ၊ ခင်ဗျားနာမည်က ဘာအဓိပ္ပာယ်လဲဗျ”ဟု မေးမိတော့
”ကိုရီနိုင်ကလည်းဗျာ၊ နာမည် ဆိုတာ အဓိပ္ပာယ်ရှိမှ ပေးရမှာလား၊ ဆရာ နွမ်ဂျာသိုင်းဆို ဘယ်လိုလုပ် မလဲ” ဟု ပြန်ဖြေပါသည်။ သူက တခြားလူကို မိတ်ဆက်ေ ပးလျှင် ကျွန်တော့်ကလောင်နာမည်ကို ပြော တတ်သော်လည်း သူကိုယ်တိုင်က တော့ကျွန်တော့်နာမည် ကိုရီနိုင်ကို ပဲ ခေါ်လေ့ရှိသည်။
”မဟုတ်ဘူးလေဗျာ၊ ယပက် လက်နဲ့ ယက္ခဆိုရင်လည်း ဟုတ် သေး” ဟု ဆိုတော့
”ဘီလူးတော့ မဖြစ်ပါရစေနဲ့” ဟု ပြန်ပြောသည်။
ကျွန်တော်က စကားအရှိန်ရ လက်စဖြင့် ”ရက္ခဆိုတာ ရကို ကအောက်က ခခွေးလုံးကြီးတင် တစ်ချောင်းငင် ငသတ် ရက္ခိုင်လား လို့ တွေးနေမိတာ၊ တချို့က ရခိုင်ကို အဲဒီလို စာလုံးပေါင်းတာ တွေ့ဖူးလို့ လေ။ ခင်ဗျား ရခိုင်မလေးတစ် ယောက်ယောက်ကိုများကြိုက်ခဲ့လို့ လား” ဟု လျှာရှည်မိရာ သူက   ”မဟုတ်ရပါဘူးဗျာ” ဟု ရယ် ရယ် မောမော ပြန်ပြောပါသည်။အပြန်လမ်းမှာတော့ အတူ လာသူဆရာဂျိုးက ကျွန်တော့်ကို အပြစ်တင်ပါသည်။
”ခင်ဗျား မဆိုင်တာတွေ လျှောက်မပြောနဲ့၊ ရက္ခကို ဘာမှတ် လို့လဲ၊ သူ့စိတ်နဲ့ မတွေ့ရင် ခင်ဗျား ဇေဇူးလို ဖြစ်သွားမယ်”
ဇေဇူးဆိုသော ဇူးမေဂျာဘွဲ့ရ ကဗျာဆရာလေး ဘာဖြစ်သွားသည် ကျွန်တော်မသိလို့ မေးတော့မှ ဇေဇူး က ဝိုင်းတစ်ခုမှာ စကားမှားသွားခဲ့ သည်တဲ့။
”မဆလခေတ်ဆိုတာ သိလား ဗျ။ ကိုရက္ခ မဆလာဖျော်ခဲ့တဲ့ ခေတ်ကို ပြောတာ”
ဘိလပ်မြေမဆလာ ဖျော်ခဲ့ရ သော သူ့အတိတ်ကို နောက်ပြောင် ပြောခဲ့ခြင်းအတွက် အများနည်းတူ သူလည်း ရောနှောရယ်မောခဲ့သော် လည်း ကိုရက္ခက အငြိုး အတေး ဖြစ် သွားခဲ့သည်တဲ့။ မကြာမီ ဇွန်ဇူးသည် အခြားသူ ၏ကဗျာများကို ခိုးချပြီး စာမူတွေ ပေးတတ်သဖြင့် သူ့ကဗျာတွေကို ထည့်မပေးသင့်ကြောင်း အယ်ဒီတာ အသိုင်းအဝိုင်းတွင် စကားပြန့်သွားခဲ့ သည်ကို လအတော်ကြာမှ ကာယကံ ရှင်က သိရှာသည်တဲ့။ ဘယ်ကဖြစ် လာသည့်သတင်းမှားမှန်းမသိရ သော်လည်း ယင်းကြမ္မာ ဆိုးမှာ       ‘မဆလာ’ ပြက်လုံးမှ မြစ်ဖျားခံလာ သည်ဖြစ်နိုင်ကြောင်း ကာလအတန် ကြာမှ ရိပ်မိသိရှိကာ အတော်လေး ခက်ခဲစွာ ပြန်ဖြေရှင်းခဲ့ရပြီး စာရေး အရှိန်ပျက် သွားခဲ့ရသည်တဲ့။ကျွန်တော်လည်း အဲဒီသတိပေး စကားကြောင့် ထိတ်ခနဲဖြစ်သွားမိ သော်လည်း ကျွန်တော့်ကိုတော့ ကိုရက္ခက အမျက်မာန်ရှပုံမပေါ်။ နောင် သူ့ကံ ဇာတာတစ်ဆင့်မြင့် သွား သည်အထိ ကျွန်တော်နှင့် အဆင် ပြေစွာ ရှိခဲ့ပါသည်။
***
တစ်နေ့တော့ ကိုရက္ခတစ် ယောက် သူ့ဆရာနှင့် တိတ်တိတ်ပုန်း ငြိနေသော မုဆိုးမတစ်ယောက်ကို သူ့ဆရာက ဇာတ်လမ်းဖြတ်ဖို့ ကြိုး စားရာမှာ ပါဝင်ပတ်သက်ရင်း ထိုမိန်းမနှင့် ငြိတွယ်သွားခဲ့သည်။ ဒီတော့ သူ့ဆရာက သူရှင်းရခက် နေသည်ကိုဖြေရှင်းပေး၍ ကျေးဇူး တင်၊ သူ့ဆရာနှင့် ဇာတ်လမ်းစစဉ်က မုဆိုးမလေးဖြစ်ခဲ့ကာ အခု အတန် ငယ်ရင့်နေပြီဖြစ်သူ ‘မမ’ ကလည်း ငယ်ဂုဏ်ရှိ ‘တိတ်တိတ်ပုန်း’ အသစ် လေးရ၍ပျော်ရွှင်၊ ကိုရက္ခလည်း ထိုအမျိုးသမီး၏ ဓနဥစ္စာဖြင့် သူ့အိပ်မက်များ စိုက်ပျိုး ဖို့ပြင်ဆင် ဖြင့် အားလုံး ‘ဟဲပီးအဲန်ဒင်’ ဖြစ်သွား ၏။ထို့နောက် ကိုရက္ခမှာ ထိုအမျိုး သမီးကြီးဝယ်ပေးသော ကွန်ဒိုပထမ ထပ်အခန်းတစ်ခုတွင် ‘ကြယ်ဖြူလင်း လက်’ မဂ္ဂဇင်းတိုက်၏ အယ်ဒီတာ ချုပ်အဖြစ် နေ့ချင်းညချင်းရောက်ရှိ သွားပြီး ကျွန်တော်တို့ ‘ချစ်သူ့ သတင်း’ စာအုပ်စုမှာ ‘ချစ်သူ့အတင်း’ ရှာအုပ်စုအဖြစ် သော့ပိတ်သွားပြီ ဖစ် သော တိုက်ဟောင်းနှင့်မလှမ်းမကမ်း လက်ဖက်ရည်ဆိုင်မှာ စတည်းချရ လေ၏။’ကြယ်ဖြူလင်းလက်’ ကို ငွေ စိုက်ထုတ်ပေးသူ ‘ဒေါ်ကြယ်ဖြူ’ မှာ ကိုရက္ခ၏အဒေါ် အရွယ်နီးနီး ဖြစ် သော်လည်း ကိုရက္ခက ‘မမကြယ်ဖြူ’ ဟုခေါ်ပုံမှာလည်း ကျွန်တော်တို့     ‘အတင်းခေါင်းစဉ်’ ထဲတွင် ပါဝင် လေသည်။
ကိုရက္ခကို စိတ်နာစရာဖြစ်ခဲ့ဖူး သူ ဇေဇူးက …
”အမှန်တော့ ချစ်စနိုးမမကြယ် လို့ပဲ ခေါ်ရမှာ၊ အင်း ..ဒါပေမဲ့ ရရစ်မဟုတ်ဘဲ ရပင့်ဖြစ်နေမှာ စိုးရ တယ်” ဟု ပြက်လုံးထုတ်၏။ဒါနဲ့ မကျေနပ်သေးဘဲ ”ကျွန် တော် စိတ်ကူးတစ်ခုရပြီ၊ ကျွန်တော့် ဆီမှာ ကိုရက္ခလက်နှစ်ချောင်း ထောင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံရှိ တယ်။ အဲဒါကို အင်တာနက်မှာ ကြယ်ဖြူလင်းလက်မဟုတ်သော ကြယ်ြ ဖူ ‘လင်’ လက်ဆိုပြီး တင်မယ် ဗျာ” ဟုဆိုသည်။
ကျွန်တော်က မနေနိုင်ဘဲ
”မလုပ်ပါနဲ့ ဇေဇူးရာ၊ သူ့ အကုသိုလ်နဲ့သူ ရှိပါစေ၊ ကိုယ်ကပါ ဝင်မယူနဲ့၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် မင်းတို့ကိုယ်တို့ စာတွေ သူအလွယ် တကူ ထည့်ပေးခဲ့တာကိုတော့   ကျေးဇူးတင်ရမှာပဲ။ အခု သူက ငွေသုံးနိုင်တဲ့ မဂ္ဂဇင်းရောက်သွား တော့ ရေမြင့်ကြာတင့်ပေါ့ကွာ၊ ကိုယ်တို့ကိုလည်း သံယောဇဉ်မကင်း တော့ သူကူညီမှာပါ။ မင်းနဲ့ဖြစ်ခဲ့ တာလည်း ခွင့်လွှတ်လိုက်ပါကွာ၊ သူ လည်း ဟုတ်ချင်မှဟုတ်မှာ၊ ထင် ကြေးနဲ့ ပြောကြတာပါ” ဟု ဖျန်ဖြေ စကား ပြောလိုက်ရသည်။ ဇေဇူးကိုပြောမိသလို ကိုရက္ခ ဆက် ကူညီမည်ဟုလည်း ယုံထား သည်။ အခုအချိန်မှာ ကျွန်တော်တို့ လည်း စာလောကမှာ လူသိစပြုနေ ပြီမို့ ကျွန်တော်တို့စာတွေထည့်ပေး လို့လည်း သူနစ်နာစရာတော့ မရှိပါ။ (စာရေးဆရာနဲ့ အယ်ဒီတာဆိုတာ လည်းကျွန်းပင်ကြီးနဲ့ ကိုင်းပင်ကြီး လို တစ်ယောက်ကိုတစ်ယောက် မှီနေရတာပဲ မဟုတ်လားဗျာ)။
ဒီလိုမျှော်လင့်ချက်ဖြင့် ကြယ် ဖြူလင်းလက်ကို ကျွန်တော်ရောက် သွားသည်။ ကိုရက္ခက ခေါင်းငုံ့ပြီး စာမူပုံထဲ အလုပ်ရှုပ်နေကာ ကျွန်တော့်ကို မြင်ပုံမရ။
”ဟေ့လူကြီး၊ ဘာတွေအလုပ် ရှုပ်ချင်ယောင်ဆောင်နေတာလဲ၊ ဒီမှာ စာမူလာပေးတာဗျ” ဟု ကျွန်တော်က နှုတ်ဆက်တော့ ..
”ဟာ ကိုရီနိုင်ကြီး၊ ထိုင်ဗျာ၊ ကျွန်တော့်မှာ အလုပ်ရှုပ်ပြီး အပြင် မထွက်နိုင်ဘူး၊ ခင်ဗျားတို့စာမူတွေ မျှော်နေရတာ” ဟု ပြောလေသည် …ဟု ဖြစ်ရမှာမျိုး ကျွန်တော် စိတ်ကူးယဉ်ပြီး သွားခဲ့ခြင်းဖြစ်၏။သို့သော် ကျွန်တော် ထိုသို့ နှုတ်ဆက်ပြီး ဝင်သွားတော့ သူက တစ်ချက်မော့ကြည့်ပြီး ကျွန်တော့်ကို မမြင်ဖူးသလို ပြန်ကြည့်ပါသည်။ ထို့နောက် အခန်းထောင့်တစ်နေရာ က စားပွဲတစ်လုံးဆီ ညွှန်ပြပြီး ”ဟိုမှာ စာမူထိန်းရှိတယ်” ဟု ပြောပါသည်။ သူပြောတာကို ကျွန်တော် နားမလည်ပါ။ ဒါကြောင့် ‘ဗျာ’ ဟု အသံထွက်သွားတော့ ”အဲဒီမှာ စာမူထိန်းရှိတယ်၊ စာမူပေးပြီး မှတ်ပုံတင်ပါ” ဟု ခပ် တည်တည် ထပ်ပြောလေသည်။ ဒီတော့မှ ကျွန်တော်လည်း သဘော ပေါက် သွားပြီး ”သြော်၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့”ဟု ဆိုကာ သွားပြီးပေးရ၊ မှတ်ပုံတင်ရသည်။ နောက် သူ့ထံ ပြန်လာပြီး ”ကျွန်တော့်စာမူ ဘယ် တော့သိရမလဲ” ဟု မေးမိတော့      ”နောက်တစ်လလောက်ကြာမှ အဲဒီ မှာမေး” ဟု ခပ်တည်တည်ပြောပြီး ခေါင်းပြန်ငုံ့ကာ စာဆက်ဖတ်နေ သည်။
ဒီတော့မှ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဟု အဖြေပေးကာ ကျွန်တော် ပြန်ထွက် လာရသည်။ စိတ်ထဲတော့ မတင် မကျ။ အင်းလေ သူလည်း ဝန်ထမ်း အများကို အုပ်ချုပ်ရတဲ့ အယ်ဒီ တာ ချုပ်ဆိုတော့ ဟန်လေးဘာလေးလုပ် ရမှာပေါ့။ ဒီလိုဖြင့် နောက်တစ်ပတ် ခန့်အကြာတွင် ကျွန်တော် ကြယ်ဖြူ လင်းလက်ကို ထပ်သွားခဲ့သည်။
ထုံးစံအတိုင်း ရင်းနှီးခင်မင်စွာ ….
”ကိုရက္ခကြီး၊ စာမူလာပေးတာ ဗျ” ဆိုတော့ မျက်လုံးစိမ်းစိမ်းတွေ ဖြင့် မော့ကြည့်ကာ ကြားနေကျတစ် ခွန်းပဲ ထွက်လာသည်။
”ဟိုမှာ စာမူထိန်းရှိတယ်”
***
ဒီတစ်ခါတော့ ကျွန်တော် အတော်စိတ်ပျက်သွားသည်။ နောက်ထပ်သွားချင်စိတ် မရှိတော့။ သို့သော် ‘ပြောင်းလဲခြင်း’ ကသာ မပြောင်းလဲခြင်းတရားဟု ဆိုသည့် အ တိုင်း ပြောင်းလဲမှုကိုတော့ ကြုံ လာရသည်။ တစ်နေ့ မိသားစုလို ခင်မင်နေသော မြန်မာဆေးတိုက် တစ်ခုက မဂ္ဂဇင်းသစ်တစ်ခုမှာ ကြော်ငြာလိုသည်ဟု စကားစပ်မိရာ က ကိုရက္ခကို သတိရသွားမိသည်။ စိမ်းကားခြင်းတံခါးကို ‘ငွေ’သော့နဲ့ ဖွင့်ဝင်ကြည့်ရမှာပဲဟု စိတ်ကူးပေါ် သွားတာဖြစ်သည်။ ဒီတစ်ခေါက် တော့ ကျွန်တော်ခပ်တင်း တင်းပဲ ကြယ်ဖြူလင်းလက်အခန်းထဲကို ဝင် သွားသည်။
”ဒီမှာ ကိုရက္ခကြီး” ဟု ခေါ် လိုက်တော့ အရင်လိုပဲ မျက်လုံးစိမ်း တစ်စုံကိုသာ မြင်ရသည်။ ဒါပေမဲ့
”ကြော်ငြာထည့်ချင်လို့ဗျ” ဟု ဆိုလိုက်တော့ မထင်တာတွေ ဖြစ် သွားခဲ့သည်။
”သြော်၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဦးရီနိုင်၊ ထိုင်ပါခင်ဗျ” ဆိုပြီး တကယ့်မမြင်ဖူးသူကို ဆက်ဆံသလို လေးစားစွာ နေရာပေးသည်။ တစ် ဆက်တည်းပင် ကျွန်တော့် စကားကို နားမထောင်သေးဘဲ
”ဟေ့ လမင်း၊ ဧည့်သည်ဖို့ ကုတ်တစ်ဘူး ထည့်ခဲ့စမ်းကွာ” ဟု လှမ်းအော်လိုက်ရာ ဟုတ်ကဲ့၊ ဟုတ် ကဲ့ဆိုသော အသံချိုချိုကို ကြားရပြီး မကြာမီ နို့နှစ်ရောင်ကလပ် ဖန်ခွက် ထဲ ကိုကာကိုလာထည့်လျက် လာချ ပေးသော နို့နှစ်ရောင်ကောင်မလေးတစ်ယောက်ကို မြင်ရသည်။ ကျွန်တော် သူ့ကို သဘောနည်းနည်း ပေါက်သွား၏။ အင်းလေ၊ ကြယ်ဖြူ ကို ကိုင်လှုပ်ပြီး လမင်းကို ခိုင်းစေနိုင် မှတော့ သူ့စိတ်တွေ ကောင်းကင် ရောက်နေတာတော့ အံ့စရာမဟုတ် ပါလေ။”ဟုတ်ကဲ့၊ ဘာကြော်ငြာထည့် ချင်လဲခင်ဗျ” ဟု သူကစကားစလာ တော့မှ လမင်းဆီအာရုံရောက်နေ သော ကျွန်တော့်မျက်လုံးများကို ပြန်ရွှေ့ပြီး အကျိုးအကြောင်း ပြော ပြရသည်။   ခြောက်လစာ   ကြော်ငြာခ ကျသင့်ငွေကို သူကရှင်းပြပြီး ကြော် ငြာကိုယ်စားလှယ်ထံမှလာလျှင် ကော်မရှင်ပေးရကြောင်း၊ ဦးရီနိုင် ကတော့ ကော်မရှင်လည်း ယူမည့်သူ မဟုတ်သဖြင့်   ကြော်ငြာခကိုသာ လျှော့ပေးလိုက်မည့်အကြောင်း လည်း ပြောသည်။ ကောင်းပါတယ် ဗျာဟူသောစကားကို ‘ကုတ်’ တစ် ကျိုက်မျိုချရင်း တုံ့ပြန်ကာ ကျွန် တော် ဘယ်လိုလူဆိုတာ သူသိသား ပဲဟု ကျေနပ်မိသည်။တစ်ဆက်တည်းမှာပင် ကျွန်တော့်စာမူတွေ အကြောင်း မေး ရရင်ကောင်းမလားဟု စဉ်းစားမိ သော်လည်း နောက် တစ်လမှ မေးပါ ဟုပြောထားသည်ကို အခွင့်အရေး ယူလျှင်မသင့်ဟု ကိုယ့်ဘာသာ ဆုံးမပြီး သူ့ကို နှုတ်ဆက်ရသည်။ သူကလည်း ပျူငှာစွာ ပြန်လည်နှုတ် ဆက်ပါသည်။
”ဟုတ်ကဲ့ ဦးရီနိုင်၊ ကျွန်တော် တို့က မဂ္ဂဇင်းသစ်ဆိုတော့ ကြိုးစား နေရတယ်၊ နောက်ကိုလည်း အခုလို ကူညီပါဦးဗျာ”
                                                                       ***
ဘာပဲဖြစ်ဖြစ် ကျွန်တော်မတင် မကျစိတ်ကတော့ လျှောခနဲ ကျသွား ခဲ့ပြီ။ တံခါးစိမ်းကို ငွေသော့ဖြင့် ဖွင့်နိုင်ခဲ့ပြီပဲ။မကြာမီ နောက်ထပ်စာမူကို လက်ထဲပိုက်လျက် ကျွန်တော်        ‘ကြယ်ဖြူလင်းလက်’ ကို ထပ်ရောက် ခဲ့သည်။”ဟေ့လူကြီး ကိုရက္ခ၊ ဒီတစ်ခါ တော့ ကြော်ငြာမဟုတ်ဘူးဗျို့၊ စာမူ” ဟု လက်ထဲထည့်လိုက်သည့်အခ ”အေးဗျာ၊ အရင်ပေးထားတဲ့ အထဲက တစ်ပုဒ်တော့ သုံးဖြစ်မယ်၊ ကျန်တာတွေတော့ ခဏစောင့်ဦး” ဟု ပြုံးရွှင်စွာ တုံ့ပြန်လေ၏ … ဆိုတာမျိုး ဖြစ်မည် ဟု မျှော်လင့်မိ ပေမယ့် … ‘စာမူ’ ဆိုသော အသံကြားသည် နှင့် မျက်လုံးစိမ်းတစ်စုံ၊ လက်ညှိုး တစ်ချောင်းနှင့် ကြားနေကျစကား တစ်ခွန်း …။
”ဟိုမှာ စာမူထိန်းရှိတယ်”
                                                                              ***
ဒီတစ်ခါတော့ ကျွန်တော် သည်းမခံနိုင်အောင် ဖြစ်ရသည်။ ဒီလူ လူမှမဟုတ်ဘဲ။ ဒေါသတွေ အလိပ်လိပ်တက် လာသည်။
”အခုတော့ ရက္ခမှမဟုတ်တော့ တာ၊ ယက္ခဖြစ်သွားပြီ ဒီလူ”
အစွယ်ပြူးပြူးကို အကြိမ်ကြိမ် မြင်ပြီးပါလျက် သုံးတုံးလောက်ကုန် တော့မှ ရိပ်မိစပြုလာသူ ကျွန်တော် ဒီနေ့တော့ ယခင် ‘ချစ်သူ့သတင်း’ တိုက်အနီးမှ ‘ချစ်သူ့အတင်း’ စကား ဝိုင်းသို့ ‘အတင်း’ ပြောရန် ဒေါနဲ့မော နဲ့ ချီတက်သွားသည်။
ပြောစရာစကားကလည်း ရင်ထဲမှာ အသင့်။
”ဟေ့ကောင် ဇေဇူး၊ မင်းပြော တာ မှန်တယ်၊ တကယ်တော့ ရကောက်ကနေ ယပက်လက်ဖြစ် သွားတဲ့ ယက္ခနဲ့ ရရစ်ကြယ်ဖြူကနေ ရပင့်ဖြစ်သွားတဲ့ မိန်းမနဲ့ တွေ့တဲ့ ဇာတ်လမ်းဟေ့ သိလား”
                                                                                                                 မောင်လွင်မွန် (ကသာ)
                                                                                            Yadi Magazine စက်တင်ဘာလ၊ ၂၀၁၂

0 ခု - မှတ်ချက်ရှိသည်:

Post a Comment