Monday, August 20, 2012

ခြကိုက်ည



ခြကိုက်ည
- မောင်လွင်မွန်(ကသာ) -

အဲဒီညမှာ
ကဗျာတွေ အားလုံး အမှုန့်ဖြစ်သွားခဲ့တယ်။

ငါ မြတ်နိုး တန်ဖိုးထားသမျှ
ခြတို့က အိမ်ဖွဲ့ ထိုးဖောက်
စားသောက် ဝါးမျိုပစ်လိုက်တာ
ဘာဆို ဘာမှ မချန်
အပိုင်းအစ အမှိုက်သရိုက်ပဲ ကျန်မှ ငါ သိတော့တယ်။

ငါ တစ်ရက်ချင်း စိုက်ပျိုးခဲ့ရတဲ့ ငါ့ ဒိုင်ယာရီ ငါ့သမိုင်း
တစ်ပိုင်းတစ်စစီ ကြေမွ
ငါ့ အမှတ်တရတွေ အားလုံး
ခြတရုန်းရုန်း ကြားမှာ ပျောက်ရှ
ကြေကွဲစရာ ညပဲလေ ..

အဲဒီ ညထဲက
ပြန်ရနိုင်သလောက်
တစ်စစီကောက် ဆက်စပ်ကြည့်
ဘာမှ မသိ ..
ဘာမှ မရှိတော့ ..

အဲဒီ ညထဲမှာ
ပြန်ရနိုင်စရာ တစ်ခု
ဇွတ်လုလို့ မရမက
တစ်မှုန်တစ်စစီ ဆွဲထုတ်
အင်း .. ဒီကဗျာတစ်ပုဒ်ပဲ ရလိုက်ရဲ့ ..။

သရဖူမဂ္ဂဇင်း

0 ခု - မှတ်ချက်ရှိသည်:

Post a Comment